Excel 2007 တွင် မြန်မာ ဂဏန်းပေါင်းနှုတ်မြှောက်စားနိုင်သည်

ဝမ်းသာစရာသတင်းပါ...တကယ်လုပ်လို့ရပါတယ်...ကျွန်တော် စမ်းကြည့်ပြီးပြီ...Microsoft က မြန်မာစာ Unicode ကို လစ်လျှူမရှုထားပါဘူးဆိုတာကို တွေ့လိုက်ရတာပဲ...Font ပိုင်းမှာတော့ မြန်မာစာ အတွက် Micrsoft က ထည့်သွင်းထားခြင်းမရှိသေးပါဘူး...ဒါပေမယ့် unicode font တွေတော်တော်များများထပ်ထည့်ထားတာကို windows vista မှာတွေ့ရပါတယ်...ကဲထားလိုက်ပါ.. ဒါတွေက ကျွန်တော်အပိုင်းမဟုတ်ဘူး...excel 2007 မှာ၁ ကို အလိုလို 1 လို့သိတယ်...၂ ကိုလည်း သူက အလိုလို 2 လို့သိတယ်...မြန်မာဂဏန်း အနှုတ်လေးရေးလို့ရပါတယ်...စာရင်းဇယားတွေကို မြန်မာလိုလုပ်နေသူတွေ ပြောင်းသုံးကြည့်ဖို့အကြံပေးပါရစေ...hardware requirement က သာမန် စာစီစာရိုက်ဆိုင်တွေ သုံးတဲ့ ပုံစံလောက်တော့မရဘူး...grahic card 64 MB လောက်တော့ အနည်းဆုံးရှိရမယ်..memory 256 လောက်မှ ရမယ်...နောက်ပြီး windows xp အထက်ဖြစ်ရမယ်...တောင်းတာလေးတွေ များပေမယ့် မဆိုးဘူးဗျ...

0 comments: