Word နဲ့ Win Font

ကျွန်တော်တို့ word မှာ မြန်မာလို WinResearcher နဲ့ ရိုက်ပြီး english လို Times New Roman နဲ့ရိုက်မယ်ဆို တော်တော်ဆိုးတယ်... Font ကိုတလှည့်ဆီ သွားသွားပြောင်းနေရတယ်.. keyboard ကပြောင်းလို့ရရင်ကောင်းသားလို့ စဉ်းစားမိတယ်.. ဒါနဲ့ word ကို ကလိပါလေရော... ဘာမှတောင် မကလိရသေးဘူး.. ပထမဆုံး ကလိတာနဲ့ စတွေ့တာပဲ.. word ရဲ့ GUI ပိုင်းက ကောင်းလွန်းတာကြောင်းပဲလားမသိဘူး..

Word ကိုဖွင့်..
Tool --> Customize ကိုသွား..
Box တက်လာရင် အော်မှာ keyboard ကိုနှိပ်လိုက်..
Categories မှာ Fonts ကိုရွေး...
ညာဘက်မှာ font list ပေါ်လာမယ်..
အောက်ဆုံးနားမှာ.. WinResearcher ရှိတယ်..
WinReseacher ကိုရွေးလိုက်..
ပြီးရင် press new shortcut key: ဆိုတဲ့ text box ကိုသွားပြီး cursor ချလိုက်...
ပြီးရင် Alt နဲ့ W ကိုတွဲနှိပ်လိုက်.. Text Box ထဲမှာ Alt+W ဆိုတာ တက်လာလိမ့်မယ်..
တက်လာရင်တော့ အောက်နားက Assign ကိုနှိပ်လိုက်..
ဒါဆို Current keys မှာ Alt+W ၀င်သွားမယ်..

ပြီးရင် Times New Roman ကို Fonts List ထဲမှာ ပြန်ရွေး
ပြီးရင် press new shortcut key: ဆိုတဲ့ text box ကိုသွားပြီး cursor ချလိုက်...
ပြီးရင် Alt နဲ့ Q ကိုတွဲနှိပ်လိုက်.. Text Box ထဲမှာ Alt+Q ဆိုတာ တက်လာလိမ့်မယ်..
တက်လာရင်တော့ အောက်နားက Assign ကိုနှိပ်လိုက်..
ဒါဆို Current keys မှာ Alt+Q ၀င်သွားမယ်..

ပြီးရင် Close လုပ်... Customize ကိုလည်း ထပ်ပြီး Close လုပ်လိုက်..

ကဲစာရိုက်ရင် မြန်မာလိုရိုက်မယ်ဆိုရင် Alt+W နဲ့လိုက်.. Font မှာ WinResearcher ပြောင်းသွားမယ်.. English လိုဆိုရင်တော့ Alt+T နှိပ်လိုက် Times New Roman ပြောင်းသွားပါမယ်..

0 comments: