UCSY မှာ ဘွဲ့ရဖို့ လွယ်တယ်များထင်နေလား...

အင်း... အခု second term ရောက်တော့ ကျောင်းချိန်ကပြောင်းသွားပြီ...အရင်တုန်းက 9:00 မှစတာ... အခု ကျောင်းကို ၈ နာရီအရောက်တဲ့ဗျာ..စိတ်ညစ်တယ်..မနက်ဆို ၆ နာရီထရတယ်.....ကျောင်းတောင် မတက်ချင်တော့ဘူး...အဖေနဲ့ အမေကြောင့်သာ တက်နေရတာ...အဲမပြီးသေးဘူး...ပြန်ချိန်ကတော့ ၃ နာရီခွဲ...တစ်နေ့ကို ၄ ချိန်တောင်သင်ရတာ...၁ ချိန်ကို ၁ နာရီ ၄၀ မိနစ်တောင် စာသင်ရတာ...စိတ်တောင်ညစ်တယ်...စာသင်ချင်စိတ်က ၄၅ မိနစ်တောင်မခံနိုင်ဘူး...ကျွန်တော် ကြားဘူးတာတော့ ကျောင်းသား တစ်ယောက်က စာအသစ်ကို မှတ်သားဖို့က ၄၅ မိနစ်ထက် ပိုပြီး မမှတ်နိုင်ဘူးတဲ့...အဲဒါကြောင့် ကျောင်းစာသင်ချိန်က ၄၅ မိနစ်ပဲထားတာတဲ့...ငါတို့ UCSY က Computer သမားတွေဆိုတော့ IQ တော်တော်မြင့်တယ်ထင်လို့လားမသိဘူး..စာသင်ချိန်ကို ၁ နာရီ ၄၀ မိနစ်တောင်ထားတာ...ကျောင်းဆင်းချိန်က မဆိုသလောက်လေးစောသွားတာပဲရှိတယ်...အိပ်ရာထချိန်ကတော့ အရင်ထက် ၁နာရီစောထကရတယ်...မမိုက်လိုက်တာဗျာ... ကျောင်းတော့ ၁ နာရီစောမဆင်းပဲနဲ့...အဲဒါဘယ်လိုဖြစ်တာလဲဆိုတော့....မနှစ်က ၀န်ကြီးလာတယ်....အဲ...ဘာပြောတယ် မှတ်လဲ...ကျောင်းသားတွေ စာသင်ချိန်က နည်းတယ်တဲ့...ဆရာ ဆရာမတွေ ကလည်း အချိန်ပြည့်လည်း မ၀င်ကြဘူးတဲ့...သူဆို မနက် ၈နာရီကတေ ည ၈ နာရီလောက်ထိ အလုပ်လုပ်တာတဲ့...လေတောင် သေလိုက်ချင်တယ်...သူရတဲ့ စည်းစိမ်က ဆရာ ဆရာမရတဲ့ စည်းစိမ်ထက် ဆယ်ဆမကတာတော့ ထည့်မပြောဘူး...ကျွန်တော်တို့ ၀န်ကြီးက အဲလို ဥာဏ်ပြေးတာ....ဆရာ ဆရာမတွေလည်း သနားပါတယ်ဗျာ...first term ပြီးကာနီးကဆိုရင် နားချိန်တောင်မရှိဘူး...ကျောင်းသားတွေရောပဲ...တချိန်ပြီးတာနဲ့... နောက်ဆရာမ တစ်ယောက်ထပ်ဝင်...နည်းနည်းလေးမှ သေးပေါက်ချိန်တောင် မပေးပဲ... အမုန်းပဲ...တကယ်ဥာဏ်ကြီးရှင် ၀န်ကြီးနဲ့ ပါချုပ်ပဲ...ကျောင်းသား ကျောင်းသူ... ဆရာဆရာမတွေ ကို နှိပ်စက်နေသလိုဖြစ်နေတာကို သူတို့တွေ မသိဘူးလား...ဒီမှာ ကျောင်းသား ကျောင်းသူတွေက ကျောင်းပြီးသာနဲ့ အလုပ်မရရင်နေမယ်... အိပ်ရေးမ၀တာ နဲ့ စိတ်ရောဂါတွေ ဖြစ်ကုန်မလားမသိဘူး...အဲ..ဆက်ပြောရအုံးမယ်...၈နာရီခွဲ ကျောင်းမရောက်ရင်တော့ သေပြီတာမှတ်ပေတော့...အရင်ကဆို ၂၁၂ bus ကားကို ကျောင်းထဲဝင်ခွင့်ပေးလို့ ကျောင်းကို ကျောင်းသားကျောင်းသူတွေက ကျေးဇူးတင်နေကြတာ...အခုတော့ဗျာ... ထကြောင်ပြန်ပြီ... ပေးမ၀င်ဘူးတဲ့ဗျာ... လဲသာ သေလိုက်ချင်တယ်...၂၁၂က ကျောင်းထိပ်မှာ ရပ်... ကျောင်းသားတွေက နေပူကျဲတဲနဲ့ မထိတထိလမ်းမ အရှည်ကြီးကို လမ်းလျှောက်လာရတယ်...အဲ... အရိပ်ရစရာ အပင်တွေက များမှများ....လမ်းတစ်လျှောက်လုံးမှာ တစ်ပင်ပဲရှိတယ်...ပြောကိုမပြောချင်တော့ဘူး...နှိပ်များစက်နေတာလားမသိဘူး..အဲဒါတင်မပြီးသေးဘူးဗျာ...ကိုယ်ပိုင်ကားနဲ့လာရင်တော့ ၈နာရီ၃၀ ဆိုရင်ပေးမ၀င်ဘူး...ကားကို ထိပ်မှာရပ်ထားတဲ့...လဲသေလိုက်ပါလား...ကိုယ့်ကား တစ်ခုခုဖြစ်သွားရင် ကျောင်းက တာဝန်ယူမှာ မို့လား...တကယ်... သူတို့ကလည်းပြောမှာပေါ့...ကျောင်းကို ၈ နာရီ အရောက်လာရမှာ မသိဘူးလားဆိုပြီး...ဆိုးဝါးလိုက်တာဗျာ...state ကျောင်းအတိုင်းပဲ...အဲထက်တောင် ဆိုးတယ်...တကယ်... ကျောင်းတက်ရတာကတော့ မလွယ်ဘူး...UCSY မှာ ဘွဲ့လွယ်လွယ်ရမယ်လို့တော့ မတွေးလိုက်နဲ့တော့...စာမေးပွဲဖြေရရင်တော့ အောင်မှာ... အောင်အောင်လည်းကြိုးစားလို့ရတာပဲ...အဲ... ၇၅% မပြည့်မှာပဲစိုးရတယ်... စဉ်းစားကြည့်လေဗျာ...ကျောင်းကို လာချင်စိတ်ရှိအောင်တော်တော်လေးလုပ်ထားတာကို...ကျောင်းမှာက ၀တ်ရတာက uniformနေရတာက state သာသာ...ပျော်စရာနေရာဆိုလို့ နတ္တိ..လယ်ကွင်းထဲမှာ ကျောင်းဆောက်ထားတာကိုး...အခုတော့ပိုဆိုး.. ကျောင်းတက်ချိန်က အစောကြီး...bus တွေကလည်း အထဲမ၀င်...အိပ်ရာထ နောက်ကျရင်တော့ ကျောင်းတောင် မတက်ဖြစ်တော့မယ်အခြေအနေ...အော် ၇၅% ပြည့်ဖို့မနည်းလုပ်ရမှာ...UCSY မှာ ဘွဲ့ရဖို့ လွယ်တယ်များထင်နေလား...စာမေးပွဲဖြေခွင့်ရအောင် အပင်ပန်းခံလိုက်ပါအုံးဗျာ... လို့ပဲ ပြန်ဖြေလိုက်ချင်တယ်..

0 comments: