နိုင်ငံတကာကျောင်းများ နှင့် UCSY

ကျွန်တော် တလောက PC Magazine မှာ ကျောင်းအကြောင်းတွေ ဖတ်လိုက်ရတယ်..MIT အပါအဝင် ကျောင်း ၁၀ ကျောင်းလောက်ပေါ့...အားကျလိုက်တာဗျာ..UCSY လည်း အဲလိုဖြစ်ရင် ကောင်းမှာပဲလို့ စဉ်းစားမိတယ်..သူတို့မှာ ကျောင်းတိုင်းမှာ wireless တိုင်တွေ စိုက်ထားတယ်..ကျောင်းတိုင်းရဲ့ နေရာတိုင်းမှာ Internet Access ရဖို့အတွက်တဲ့..ဟုတ်ကဲ့..ကျွန်တော်တို့ UCSY မှာလည်း ခေါင်းမိုးတိုင်းမှာ တိုင်တွေ စိုက်ထားပါတယ်...မိုးကြိုးပစ်မခံထိရဖို့အတွက် မိုးကြိုးလွှဲတွေပါ...ကျောင်းသားတိုင်း laptop သုံးပြီး ကျောင်းသင်ခန်းစားတွေကို...download ဆွဲချတာတို့.. အခြင်းခြင်း discuss လုပ်တာတို့တွေလုပ်ကြတယ်..ကျောင်း Community Chat Room မှာပဲ စကားပြောကြတယ်..ကျောင်းစာတွေ discuss လုပ်ကြတယ်...တနည်းအားဖြင့် ကျောင်းသားအခြင်းခြင်း အပြင်မှာ မရင်းနှီးရင်နေမယ်...online မှာ သိကျွမ်းမယ်.. စာတွေ ဆွေးနွေးကြတယ်ပေါ့...ကျွန်တော်တို့ကျောင်းမှာတော့ အိမ်က computer...ဒါမှ မဟုတ် ဆိုင်ကနေ lecture တွေ exercise တွေကို download ဆွဲမယ်ဆိုရင်တော့...မရပါဘူး...ကျောင်း website ကြီးက dead page ကြီး...ဘာမှ မထူးတဲ့ website ကြီးပဲ...ရန်ကုန်မှာ ကျောင်းသားတွေ chat ကြပါတယ်..အသေအကြေပဲ...မယုံရင် Internet ဆိုင်သွားကြည့်သိပါလိမ့်မယ်...ဒါပေမယ့် ကျောင်းစာတွေ... တခြားအပြင်စာတွေ discuss လုပ်တာမဟုတ်ဘူး..ဗဟုသုတ အတွက် တိုးတက်ရာတိုးတက်ကြောင်း...ပညာရေးအတွက် အထောက်အကူပြုနိုင်တာတွေ...ပြောဆိုတာတော့ မဟုတ်ပါဘူး..ကျွန်တော် တခါ chat room စမ်းထိုင်ဘူးတယ်...ကြာကြာမထိုင်နိုင်လို့ ပြန်ထွက်လာခဲ့တယ်...ကျွန်တော် ပြောချင်တဲ့ topic မဟုတ်လို့ပါ...အခု gtalk ကိုတောင် မလိုအပ်ရင် မသုံးဖြစ်တော့ဘူး...အချိန်ကုန်ပါတယ်...gtalk ကတော့ chat room ထက်သာပါသေးတယ်...နိုင်ငံတကာ ကျောင်းတွေမှာ.. ကျောင်း project တွေက အံသြဖို့ကောင်းလောက်အောင်...ကောင်းပါတယ်..ကျွန်တော် မကြားဘူးတဲ့ Project တွေ...အသွင်သစ် idea သစ်တွေနဲ့ လန်ထွက်နေတာပဲ...google ဆိုလည်း ကျောင်း project ကနေ အခြေခံပြီး ပေါ်ပေါက်လာတာပါ...ကျောင်းမှာရှိတဲ့ project တွေကလည်း ကျောင်းနာမည်ကို တက်စေတယ်..ဒါကြောင့် ကျောင်းတွေကလည်း project တွေကို supporting ကောင်းကောင်းပေးတယ်..လိုအပ်တဲ့ software တွေ hardware တွေကို supporting ပေးပါတယ်..Lab ခန်းတွေ... Library တွေကိုကို ၂၄ နာရီသုံးခွင့်ပေးတယ်..ဒါကြောင့်လည်း ကောင်းအောင် လုပ်နိုင်ကြတာပဲ...UCSY က project တွေလည်း ကောင်းပါတယ်..Theory ကနေ မတက်လာတဲ့ project တွေပါ...Theory ပိုင်ကြောင်းကို ပြသရတယ်..နောက်ပြီး ဘယ် Theory ကို ဘယ်လိုကောင်းအောင် ပြန်လုပ်ထားတယ်..အဲလိုမျိုးတွေပဲ များပါတယ်..နောက်ပြီး ပုံမှန် Client Server Website လေးတွေ...Program လေးတွေပါပဲ...အားရစရာမရှိလှဘူး..နောက်ပြီး shadow လက်အပ်.... project ရေးခိုင်း..ဘယ်လိုလုပ် အားရစရာရှိတော့မှာလဲ...First Year ရောက်ကတည်းက ကျောင်းစာတွေကိုပဲ ကျက်မှတ်တယ်...အပြင်က ဗဟုသုတတွေ မရှာဖွေဘူး..နည်းပညာနဲ့ ပတ်သက်ပြီး အမြင်မကျယ်ဘူး.အဲဒါဆို project လုပ်ရာမှာ ပြသနာစကြုံတာပဲ...PHP တို့ ASP.NET တို့နဲ့ ရေးတဲ့ Website Project တွေကလည်း..ပုံမှန်အဆင့်ပဲ ရှိတယ်..ကျွန်တော် ဒီမှာ ပြောခဲ့သလို ရေးကြည့်ပါလား...ကျောင်း project တွေအတွက်...ကျောင်းသားတွေက computer အိမ်မှာမရှိတဲ့ လူတွေများပါတယ်...Computer ကို သုံးဖို့ ကျောင်းက Lab ခန်းကလည်း...မပြောတော့ပါဘူး..၂၄နာရီလုံး သုံးခွင့်မှ မရှိတာ..နောက်ပြီးတော့ စက်တွေက စုတ်နေတာ..Library က စာအုပ်တွေက မပြည့်စုံတာ..Online Library မရှိတာတွေ...တနည်းအားဖြင့် supporting လည်းမကောင်းသလို..ကျောင်းသားကျောင်းသူတွေကလည်း project လုပ်ဖို့..Motivation မရှိပါဘူး..လုပ်ချင်စိတ်ကို မရှိတာပါ...ပြီးပြီးရော.. ဆရာ ဆရာမတွေ လက်ခံရင်ပြီးရော...သဘောပါ.. ဒီ project ကြီးအောင်မြင်သွားရင် ဘယ်လိုတွေ အကျိုးရှိမယ်..ဘာတွေလည်း မစဉ်းစားပါဘူး..စဉ်းစားစရာလည်း မလိုပါဘူး..အသုံးချစရာနေရာမှ မရှိတာ..နိုင်ငံတကာကျောင်းတွေမှာ ၁ လကို မြန်မာငွေ ၃ သိန်းလောက် အနည်းဆုံးကုန်ပါတယ်..အနည်းဆုံးပြောတာနော်...ကျောင်းကောင်းလေလေ ဈေးကြီးလေလေပဲ..ကျောင်း လခထဲမှာ laptop ဖိုး...နောက်ပြီး တခြားဟာတွေပါ ထည့်သွင်းထားပါတယ်..ဒါကြောင့်လည်း supporting အဲလောက်ကောင်းပါတယ်..ဒီမှာက ဈေးအလွန်သက်သာတယ်..ဒါကြောင့်ပါ..Facility လည်းကောင်းကောင်းမပေးနိုင်ပါဘူး..Quality လည်းဂရုမစိုက်နိုင်ပါဘူး..Quantity ကိုသာ အားထားပါတယ်..ငွေကြေးကိုလည်း သက်သက်သာသာဖြစ်အောင် အကုန်လုံး လျှော့ချထားရပါတယ်..ဒါကြောင့် ကျောင်းမှာ မီးက ပျက်ပါတယ်..ကျောင်းကလည်း ဝေးလွန်းပါတယ်...ကျွန်တော်တို့ကျောင်းလည်း ၁ လကို ၃သိန်းလောက် ကုန်မယ်ဆိုရင်...အဲလိုကောင်းလာနိုင်ချေတွေ ရှိပါတယ်..ကျောင်းသားတွေက ရှိကိုမရှိတော့မှာ သေချာတယ်..အဲလောက်ထိတောင် ကုန်မယ်ဆိုရင်တော့..Laptop တစ်လုံးတင် ၁၀ သိန်းကျော်နေပြီ...ကျွန်တော်တောင် laptop မဝယ်နိုင်တာ..ကျောင်းမှာ ဈေးလျှော့ရင်တောင တစ်လုံးကို ၅ သိန်းလောက်နဲ့ရမယ်ဆိုရင်တောင်..ကျောင်းတက်ဖို့ ဝန်လေးပါတယ်..ပိုက်ပိုက်က အဲလောက်မရှိဘူးလေ...ကျောင်းဝင်ကြေးပေးရတာနဲ့ မွဲလိမ့်မယ်..ဒါပေမယ့် scholar တို့ ဘာတို့ ပေးရင်တော့ မဆိုးဘူးပေါ့..နောက်မို့ဆို ကျွန်တော်လည်း university တက်ရမှာမဟုတ်တော့ဘူး..နိုင်ငံတကာ ကျောင်းတွေလည်း မြို့ထဲနဲ့ အဝေးကြီးပါ...သူတို့က နေရာကျယ်ကျယ်လိုအပ်တယ်..Campus ကြီးတစ်ခုအတွက် မြို့နဲ့ နီးနီးမှာ ဆောက်ဖို့ မြေက မလုံလောက်ဘူး..နောက်ပြီး အေးအေးချမ်းချမ်းဖြစ်ဖို့ အတွက်...မြက်ခင်းစိမ်းကြီးတွေမှာ အေးအေးဆေးဆေး လှဲပြီး စာထိုင်ဖတ်..internet သုံးဖို့အတွက်...ကျန်းမာရေးနဲ့ ညီညွတ်ဖို့အတွက်...မြို့နဲ့ ဝေးဝေးမှာ Campus ကြီးကြီးဆောက်...ကျောင်းသားတွေ အတွက် အဆောင်တွေ ထားပေး...အဆောင်ကနေ ကျောင်းကိုလာဖို့စက်ဘီးလေး နင်းပြီးလာရုံပဲ...ဒီမှာကလည်း...မြို့ထဲနဲ့ ခပ်ဝေးဝေးမှာ ကျောင်းဆောက်ထားတယ်ဆိုတော့...နေရာကျယ်ကျယ်လိုချင်လို့ ဖြစ်ပါလိမ့်မယ်...ခပ်တာက Campus ကြီးမဟုတ်ဘူး..နိုင်ငံတကာနဲ့ ယှဉ်ရင် တော်တော်လေးကို ကျဉ်းပါတယ်..အင်းလေ...ဟိုမှာက major တွေ အများကြီးအတွက်ကို..ဒီမှာက major တစ်ခုတည်း အတွက်ဆိုတော့ အဲလောက်မလိုပါဘူး..မြက်ခင်းစိမ်းစိမ်းကြီးတွေကတော့ ရှိပါတယ်..ခက်တာက မြက်ရိုင်းတွေပါ...လှဲပြီးတော့ မအိပ်ရဲပါဘူး...ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်..ဖုန်တဖြူးဇြူးနဲ့ပါ...မိုးရွာရင် ဗွက်အပြည့်နဲ့ပေါ့...အဆောင်...ရှိကိုမရှိတာပါ...အဆောင်ဆိုတာ ဘယ်လိုမျိုးလဲ..University မှာ အဆောင်မှာနေ ကျောင်းတက်..အဲဒီဘဝကိုမြသန်းတင့်ရေးတဲ့ တစ်ခါတုန်းက တက္ကသိုလ် နွေညများဆိုတဲ့ စာအုပ်နဲ့ပဲ ခံစားလိုက်ပါတယ်..သိကိုမသိတာပါ..ကျောင်းလာတော့ ၁ နာရီ ကားစီး..အပြန် ၁ နာရီကားစီးနဲ့..တနေ့ကို ၂ နာရီ ကုန်သွားရော..လမ်းမှာ စာဖတ်ဆိုတော့..ကျောင်းသွားတဲ့ လမ်းက မိုက်ပါတယ်..ကျောင်းနဲ့ နီးလေလေ လမ်းစုတ်လေလေပဲ...ပြည်လမ်း ပြီးတာနဲ့..စာစဖတ်လို့မရတော့ဘူ...ခုန်လွန်းလို့ပါ..ဒိုင်နာဆိုသေပြီတာ မှတ်ပဲ...ကဲ...ထပ်မပြောတော့ဘူး...ကိုယ့်ကိုယ်ကို သနားလာလို့...ဒီက ကျောင်းတွေက ကောင်းပါတယ်..လူတိုင်းစာသင်နိုင်တယ်.. (တတ် မတတ်တော့မသိပါ)လူတိုင်း အေးအေးဆေးဆေး အလုပ်မလုပ်ပဲ တတ်နိုင်တယ်.. နိုင်ငံတကာ ကျောင်းမှာ ဆို အလုပ်လုပ် စာသင်နဲ့ ပင်ပန်းရအုံးမယ်..ဒီမှာက ၄ နှစ်လုံးလုံး မိဘက ကျောင်းစရိတ်အကုန်ပေးတာ...တတ်လည်း တတ်နိုင်ပါတယ်..ကားခတွေ ဈေးတက်တော့ အမေ နည်းနည်းငြီးတာလောက်ပဲ...ဒီမှာ တက်တော့ လောကဓံ ခံနိုင် မခံနိုင်တော့ မသိဘူး..ကားဆောင့်တဲ့ ဒဏ်ကိုတော့ ကောင်းကောင်း ခံနိုင်ပါတယ်..အားမငယ်ပါနဲ့.. မိမိကိုယ်ကို ကောင်းအောင်ပဲ ကြိုးစားကြတာပေါ့ဗျာ..

0 comments: