Top 7 Antivirus That I Like

အခုအခါမှာ Virus ဟာလွန်စွာ ဆိုးဝါးလာပါတယ်...အထူးသဖြင့်... လူတိုင်းလိုလို ကိုယ့်ဘာသာကိုယ် virus တွေရေးနိုင်နေကြပြီ...တချို့တွေကတော့ virus ရေးတဲ့ professional အဆင့်တောင်ရောက်နေပြီ..အကောင်းဆုံးကတော့ ကိုယ့်မှာ antivirus ရှိနေဖို့ပဲ...ကျွန်တော် အကြိုက်ဆုံး anitvirus ကတော့1. Kaspersky Anti-Virusအခုအချိန်မှာ အကောင်းဆုံးပဲလို့ဆိုလို့ရတယ်.. virus တော်တော်များများကို သိတယ်... နိုင်လည်းနိုင်တယ်.. နောက်ပြီး logon ပိုင်းထိပါကာကွယ်ပေးထားတယ်... virus update ကလည်း တနေ့တခါလောက်ထွက်တယ်... အမြဲတန်း update လုပ်ရတာပေါ့... ဒါမှလည်း ကာကွယ်မှုက ထိရောက်မှာပေါ့.. ပေါ့လည်းပေါ့ပါးပါတယ်... antivirus, spyware, ad-adware အကုန်လုံးကို သိတယ်..2.Eset Nod32သူလည်းမဆိုးဘူးဗျ... kaspersky လိုမျိုးပဲ... သုံးရတာမိုက်တယ်.. kaspersky ထက် feature တွေပိုပါပေမယ့်... ကျွန်တော်ကတော့ သိပ်မကြိုက်ဘူး.. ဘာဖြစ်လို့လည်းဆို ပိုလွန်းတယ်လို့ထင်လို့ဗျ... နောက်ပြီး internet connection က သူသုံးထားရင် နည်းနည်းကျသွားလို့... မကြိုက်တာ.. နောက်ပြီး memory ပိုင်းနည်းနည်းစားတယ်...3.BitDefender Antivirus Plusသူက antivirus ရော spyware တွေမက instant messager တွေပါ ကာကွယ်ပေးတယ်... နောက်ပြီး firewall တွေလည်းပါတယ်.. function တွေလည်း များပါတယ်.. update ကတော့ တပတ်တခါလောက်ထွက်တယ်.. ဒါပေမယ့် ကျွန်တော် မကြိုက်ဖြစ်သွားတာကတော့ virus မှန်းသိနေရဲ့သားနဲ့ သူက မအော်ဘူးဗျ.. ဒါနဲ့ ကျွန်တော် right click နှိပ်... ပြီးတော့ virus တစ်ခုကိုစစ်ခိုင်းတော့ မသိဘူးဗျ... virus မှန်း... folder အောက်မှာ exe ထပ်ဆောက်ပြီး folder ယောင်ဆောင်နေတဲ့ကောင်တွေကို ဒီကောင်ကမသိဘူး... ဒါပေမယ့် တော်တော်များများကိုသိပါတယ်.. memory လည်း သက်သာတယ်..4.McAfee VirusScan Plusသူကမဆိုးဘူး.. လူသုံးလည်းများတယ်.. ဒါပေမယ့် လေးတယ်.. သုံးရတာကောင်းပေမယ့် စက်ကလေးသွားတယ်... နောက်ပြီး တချို့ virus တွေက သူ့ကိုပါ ပိတ်လိုက်တဲ့အခြေအနေတွေရှိတယ်.. အဲလိုစွမ်းတာတွေကို သူကမနိုင်တော့ဘူး.. ဘယ်နိုင်မလဲဗျာ.. သူက စစ်တောင်မစစ်ရသေးဘူး.. ဟိုက သူ့ကို ပိတ်ချသွားတာကို... တခါတည်း disable ဖြစ်သွားတယ်.. ပြီးရင် virus က ကောင်းကောင်းလေး စက်ကို စပြသနာပေးတော့တာ..5.Panda Antivirus 2007သူက မြန်မာနိုင်ငံမှာတော့ လူသုံးနည်းတယ်... ဒါပေမယ့် နိုင်ငံတကာမှာတော့ ကြိုက်ကြတယ်.. ဘာဖြစ်လို့လည်းဆို support ပိုင်းအရမ်းကောင်းတယ်.. telephone နဲ့ပဲဖြစ်ဖြစ် email နဲ့ပဲဖြစ်ဖြစ် သူတို့ကို ဆက်သွယ်လို့ရတယ်.. virus ၀င်ပြီဆိုတာနဲ့.. သူတို့ ကောင်ကောင်းဖြေရှင်းတယ်လို့ဆိုပါတယ်..6.AVG Antivirus 7.5မြန်မာနိုင်ငံမှာ အသုံးအများဆုံးပဲ.. ပေါ့လည်းပေါ့လည်း အလကားလည်းရတယ်.. နောက်ပြီး.. update က တပတ်တခါထွက်တယ်... ဒါပေမယ့်... ကျွန်တော်တော့ မကြိုက်ဘူး.. ဘာဖြစ်လို့လည်းဆို သူက virus တော်တော်များများကို သိတာနောက်ကျတယ်... အကုန်လုံးခံရပြီးမှ update file ကထွက်လာတယ်... ဘယ်လိုပြောရမလဲ.. အဟောင်း virus တွေကို ကောင်းကောင်းကာကွယ်ပေမယ့်.. အသစ်ထွက်လာတာတွေကို ကာကွယ်တာနောက်ကျတယ်...7.Norton 360မြန်မာနိုင်ငံမှာတော့ လူသုံးနည်းသွားပြီ.. ဘာဖြစ်လို့လည်းဆို update လုပ်ရတာလည်း file size တွေက အကြီးကြီးတွေ.. နောက်ပြီး စက်ကလည်း လေးသေးတယ်.. memory ကတော်တော်စားတယ်.... ကောင်းတာကတော့ တော်တော်လေးကောင်းပေမယ့် စက်လေးတော့ သုံးတဲ့လူရှားသွားပြီ...

0 comments: