ဖြစ်စေချင်ပါတယ် 20 - 12 - 2008

ကျွန်တော် ဒီနေ့ ဦးရဲမြတ်သူပို့လိုက်တဲ့ email ထဲမှာ...
http://www.elance.com/ အဲဒီ site လေးကို ညွှန်ထားတာတွေ့လို့သွားကြည့်လိုက်တယ်..
တော်တော်မိုက်တာပဲ...
အဲဒီ site ရဲ့ design တွေ ရေးထားတာတွေကို ပြောတာမဟုတ်ဘူး..
elance ရဲ့ စေတနာ... idea တွေက တော်တော်လန်းတယ်...
လူတွေကို ကမ္ဘာမှာ အလုပ်အကိုင်အခွင့်အရေးအတွက် လမ်းဖွင့်ပေးလိုက်သလိုပဲ...

အဲဒီ site မှာ လူတွေက သူတို့ရဲ့ project တွေ design တွေ idea တွေ...
တင်ကြတယ်..
ရောင်းကြတယ်...
နောက်ပြီး စီးပွားရေးသမားတွေကလည်း...
အဲဒီက လူတွေရဲ့ Project တွေကို ကြည့်ပြီး လာဝယ်မယ်..
သဘောကျတဲ့လူတွေကို ခေါ်ပြီး အလုပ်ခန့်လာမယ်..
အလုပ်အကိုင် အခွင့်အရေးတွေ...
online ကနေ ဝင်ငွေရဖို့ အခွင့်အရေးတွေ တိုးလာတယ်...
google adsense လို click ပြီး ပိုက်ပိုက်ရတာမဟုတ်ဘူး..
တကယ့်အရည်အချင်းကြောင့် ပိုက်ပိုက်ရတာ...
ဂုဏ်ယူဖို့ကောင်းတယ်..

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဲလို site လေးကို မြန်မာ ဘာသာနဲ့ဖြစ်ချင်တယ်..
မြန်မာနိုင်ငံမှာ အရည်အချင်းရှိပြီး အလုပ်လက်မဲ့တွေ များနေတယ်...
အလုပ်သွားလျှောက်ရင်လည်း အရည်အချင်းကို အကြောင်းအမျိုးမျိုးကြောင့် ပြသခွင့်မရတာတွေရှိတယ်..
အလုပ်ရှင်တွေကလည်း အရည်အချင်းရှိတဲ့လူတွေ လိုအပ်နေတယ်..
ကျွန်တော့်အမြင်အရဆိုရင်...
တကယ် အလုပ်မလုပ်ချင်တဲ့ လူ ၅ ယောက်ကို ပိုက်ပိုက်ပေးပြီး ခန့်ထားမယ့်အစား...
တကယ်လုပ် တကယ်တော် တကယ်တတ်တဲ့ လူတစ်ယောက်ကို...
အဲဒီ ၅ ယောက်စာ ပိုက်ပိုက်ပေးပြီး ခန့်ထားတာ ပိုကောင်းမယ်ထင်တယ်..
ဒါဆို လစာခံစားခွင့်လည်း တိုးတက်လာမယ်...
မြန်မာနိုင်ငံမှာက အဲလိုမဟုတ်တော့ လစာခံစားခွင့်က ကျဆင်းနေတာပေါ့...

အဲလို site လေးတစ်ခုကို ဖော်ထုတ်ပေးဖို့အတွက်...
ကျွန်တော် အကြံပြုပါရစေ...
ဘယ် company ကပဲဖြစ်ဖြစ် ဖော်ထုတ်ပေးပါလို့ အကြံပြုပါရစေ..
ကိုယ်တိုင်ထောင်လိုက်ပါလားဆိုတော့...
ကျွန်တော် ကိုယ်တိုင် တည်ထောင်ချင်ပါတယ်..
မအားတာရယ်...
နောက်ပြီး MYSTERY ZILLION အတွက် လုပ်ချင်တာတွေက များနေတာရယ်ကြောင့်ပါ...

တကယ်လို့ ဝါသနာပါတယ်...
အဲလို site လေးလုပ်ချင်တယ်...
စေတနာနဲ့ တကယ်တည်ထောင်ချင်တယ်...
အစအဆုံးလည်း တာဝန်ယူနိုင်တယ်..
site ရဲ့ ပြသနာအားလုံး ဖြေရှင်းပေးနိုင်တယ်..
ဒါပေမယ့် web server မရှိဘူး...
အဲဒီအတွက် domain name လည်း မရှိဘူး..
အဲဒါဆိုရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ..
ကျွန်တော် သုံးနေတဲ့ server ကိုပေးပါမယ်..
MYSTERY ZILLION ရဲ့ sub domain name အနေနဲ့ domain name ပေးနိုင်ပါတယ်..
ဒါမှ မဟုတ် ကိုယ်ပိုင် domain name နဲ့လုပ်ချင်တယ်ဆိုရင်လည်း domain name ဝယ်လိုက်ပါ...
ကျွန်တော့် server မှာ domain name setting ချပေးပါ့မယ်..

ကျွန်တော် ဘာအကျိုးအမြတ်မှ မမျှော်ကိုးပါဘူး..
ဖြစ်စေချင်တဲ့ ဆန္ဒလေးပဲ ရှိတာပါ...
တကယ်လို့ ဘယ်သူမှ မလုပ်ဖြစ်ဘူးဆိုရင်တော့...
ကျွန်တော် အားတဲ့ အချိန်ရောက်ရင် ကြိုးစားပြီးလုပ်ကြည့်ပါ့မယ်..
ကျွန်တော် ဘယ်အချိန်အားမှာလဲ ဆိုရင်တော့......

0 comments: