ဟိုတွေးဒီတွေး.... 29 - 12 - 2008



လျှပ်တစ်ပြက်ဂျာနယ်ရဲ့ အွန်လိုင်းဗားရှင်းကို လိုက်ဖတ်ကြည့်နေရင်းက ဒီသတင်းတစ်ပုဒ်လေးကို ဖတ်မိတော့ ဘာရယ်မဟုတ်ဘူး. ကျွန်တော့်ရှေ့က Screen ကြီးကို အကြာကြီးစိုက်ကြည့်နေဖြစ်ခဲ့တယ်. ၂၀၀၉ တောင် ရောက်ခဲ့ပြီပဲ....မြန်မာဘလော့ဂ်ဂါများ စုစည်းထားတဲ့ 'အနာဂတ်လှိုင်း၏ ဆုံမှတ်များ' စာအုပ်တစ်အုပ် ထွက်ရန် မနှစ်ကတည်းက စီစဉ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စာအုပ်ထဲမှာ မြန်မာဘလော့ဂါတွေ ရေးသားထားကြတဲ့ ...သုတ၊ ရသ၊ ကဗျာ၊ ခရီးသွားဆောင်းပါး၊ နည်းပညာရပ်ပိုင်းဆိုင်ရာ ဆောင်းပါး၊ လေ့လာဆန်းစစ်ချက် တွေ၊ ခံစားချက်ဝတ္ထုတိုအစရှိတဲ့ စာပေတွေကို ကလောင်ရှင်အသစ်တွေရဲ့ လက်စွမ်းပြမှုနဲ့ အင်တာ နက်ပေါ်မှာ တွေ့ရှိနေပါတယ်။ အင်တာနက် ဘလော့ဂ်တွေပေါ်မှာ မြန်မာစာသားနဲ့ လွယ်လင့်တကူ ရိုက်တင်ပြီး အချင်းချင်းလျင်လျင်မြန်မြန် အချက်အလက်တွေကို လွင့်တင်ပေးနိုင်တဲ့ ကွန်ယက်ကြီးလဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစွမ်းဆောင်နေကြတဲ့ မြန်မာဘလော့ဂ်ဂါတွေ စုစည်းတင်ပြမယ့် စာအုပ်ကို စိတ်ဝင်စားကြသူတွေ အတွက် G-Talk မှာမြန်မာလိုရေးလို့ရအောင် ကနဦးတီထွင်ဖန်တီးပေးထားတဲ့ Alpha Computer မှ ကိုရဲမြတ်သူကို လျှပ်တစ်ပြက်သတင်းဂျာနယ်က တွေ့ဆုံမေး မြန်းခဲ့ရာ-ဒီစာအုပ်ကို ဘယ်လိုစီစဉ်ဖြစ်ခဲ့တာလဲ။၂ဝဝ၇ စက်တင်ဘာ မတိုင်ခင် ကတည်းကစီစဉ်တာ။ကျွန်တော်တို့ Alpha ဒီစာကိုထုတ်မှာ မဟုတ် ဘူး။ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးတာနဲ့ Promotion လုပ်ပေးရုံ သက်သက်ပါ။ ကျွန်တော်တို့ အပြင် Imforithm-maze က ကိုသောင်းစုငြိမ်းတို့အဖွဲ့လည်းပါတယ်။ ဒီစာအုပ် ပြန်ထုတ်မယ့် အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်သွားတာ။ဒီစာအုပ်ကို ဘယ်လိုစုစည်းဖြစ်ခဲ့တာလဲ။ပြောရမယ်ဆိုရင်အရှည်ကြီးဗျ။ အဓိကကတော့ ဘလော့ဂ်ဆိုတာ မီဒီယာပုံစံအသစ်လေ။သူက one to one လည်းမဟုတ်ဘူး။ one to many လဲမဟုတ်ဘူး။ many to many ဗျ။ တစ်ဖွဲ့က လုပ်ရင်း နောက်တစ်ဖွဲ့နဲ့ ပေါင်းဖြစ်။ အဲဒီကနေနောက်အဖွဲ့တွေအဖွဲ့တွေနဲ့လုပ်ကြတာ။သုံးထားတဲ့ စာမူတိုင်းဟာ စာမူရှင်က လိုလိုလားလားခွင့်ပြုထားတာ တွေလား။ဒါတွေက သူတို့အချင်းချင်း စီစဉ်ကြတာ။ အရွေးမခံရတဲ့သူတွေကတောင် စိတ်မကောင်းဖြစ်ကြ သေးတယ်။နိုင်ငံရေးနဲ့ပါတ်သက်တာတွေမပါတော့ နဂိုကတည်းက ပြည်တွင်းမှာ ပုံနှိပ်ဖြန့်ချီဖို့ ရည်ရွယ်ပြီး စုစည်းခဲ့တာလား။ဟုတ်တယ်၊ပြီးတော့ စာပေစိစစ်ရေးက တရားဝင်ခွင့်ပြုပြီး ပြည်ပကိုပါ ဖြန့်ဖို့စီစဉ်ထားတာ။ ပြည်ပကသူတို့ Blogger တွေ အချင်းချင်းဝယ်လိုအား အုပ်ရေ(၁ဝဝဝ)ကျော် အနည်းဆုံးရှိတယ်။ဒီစာအုပ်က ဘလော့ဂ်ဂါတွေ အားလုံးမြန်မာပြည်ကလူတွေချည်းပဲလား။မြန်မာတွေချည်းပဲ။ ကမ္ဘာအရပ်ရပ်ကပါ။Alpha က ဦးဆောင်ပြီးစုစည်းခဲ့တာလား။ စုစည်းမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို သိပါရစေ။မဟုတ်ဘူး။ သူတို့အချင်းချင်းလုပ်ကြတာ။ မြန်မာ Content တွေများ လာအောင်လုပ်တဲ့ အလုပ် တွေမို့လို့အားပေးတာပဲရှိတယ်။ Blogger တွေ အချင်းချင်းဦးဆောင်ကြတာပါ။ မန္တလေးဖက်ကဆိုရင် ဇော်မိုးအောင်၊ မောင်လှ၊ရန်ကုန်ဘက်ကညီလင်းဆက်၊ဘာညာ၊ဗလာဂေါက်၊မျက်လုံးတို့ပါကြတယ်။အခုလိုစုစည်းဖြစ်ဖို့ ဘယ်သူ့စိတ်ကူးလဲ။ဘယ်သူကစပြီး initiate လုပ်တာလဲ။Blog တွေပေါ်မှာ သူတို့ရေးတဲ့ဟာတွေက နဂိုကတည်းကရှိနေပြီးသား။ တခြား အသက်မွေးဝမ်း ကြောင်းနဲ့ သူ့အလုပ်သူ လုပ်နေကြတဲ့သူတွေ။ သူတို့ ရေးထားတဲ့စာတွေက Taste အသစ်တွေကို ရတယ်။ စာပေလိုင်းထဲကမဟုတ်တဲ့ ဒီပြင့် Field ထဲကလူတစ်ယောက်ရေးထားတဲ့အရသာ၊ Concept ကို ရစေချင်တယ်။ဒီစာအုပ် ဘယ်တော့ထုတ်ဖြစ်မလဲ။အခုလောလောဆယ်မှာ ဘယ်သူဦးဆောင်မှန်းမသိတော့ဘူး။ စာအုပ်ကတော့ အဆင်သင့်ရှိနေပြီးသား။ သံလျက်

0 comments: